Fri November, 2024

Dating tips for Introverts

YouMe Post Image

Dating tips for Introverts

 

Introverts လေးတွေအတွက် Dating Tips

 

မသိတဲ့လူတွေနဲ့ ဒိတ်လုပ်ရတာဟာ  Introverts လေးတွေ အထူးသဖြင့် အနေအေးတဲ့သူလေးတွေ စကားနည်းတဲ့သူလေးတွေအတွက် စိန်ခေါ်မှု တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် မင်းရဲ့ comfort zone ထဲကနေမထွက်ဘဲနဲ့လည်း အဓိပ္ပာယ်ရှိတဲ့ ချိတ်ဆက်မှုတွေကို ရှာတွေ့နိုင်ပါတယ်။ ဒီအပတ်မှာ Introverts လေးတွေအတွက် လက်တွေ့ကျကျ အသုံးချလို့ရတဲ့ Dating Tips လေးတွေကို မျှဝေပေးသွားပါမယ်။ 

 

၁. ကိုယ့် Personality ကို မပြောင်းပစ်ပါနဲ့

 

  • Authentic တွေပဲ ချပြပါ

 

ကိုယ့်ကိုယ်ကို တခြားလူတစ်ယောက်ပုံစံပြောင်းပြီး မဟန်ဆောင်ပါနဲ့။ ကိုယ့်ရဲ့ နဂိုပုံစံလေးအတိုင်းပဲ သက်တောင့်သက်သာနေပါ။ ကိုယ်က အနေအေးတယ်ဆိုရင် အနေအေးတဲ့တိုင်းနေပြီး ကိုယ် introvert ဖြစ်နေလည်းသန်မာတယ်ဆိုတာကို ပြပါ။ ကိုယ့်ကို တခြားလူက လက်ခံဖို့ အတွက်နဲ့ အတင်းလုပ်ယူပြီး 

မလုပ်ပါနဲ့။ မင်းရဲ့ ပုံစံလေးအတိုင်းပဲ အဓိပ္ပာယ်ရှိတဲ့ connection တွေကို ရှာတွေ့နိုင်ပါတယ်။

 

၂. ကိုယ့်အတွက် Comfortable ဖြစ်စေမယ့်ပတ်ဝန်းကျင်ကိုရွေးချယ်ပါ

 

  • Pressure နည်းတဲ့ပတ်ဝန်းကျင်

 

 တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတွေကိုရွေးချယ်ပါ။ ဥပမာ ကော်ဖီဆိုင်၊ စာအုပ်ဆိုင်၊ ပန်းခြံလိုနေရာတွေကို ရွေးချယ်ပြီးဒိတ်လုပ်ပါ။ အသံကျယ်တဲ့ Bar တွေ လူများလူရှုပ်တဲ့နေရာတွေထက်စာရင် တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတွေကကိုယ့်အတွက် လွယ်ကူစေပြီး တစ်ဖက်လူနဲ့ လေးနက်တဲ့ conversation တွေဖန်တီးနိုင်ပါတယ်။

 

  • Activity ပါတဲ့ Dating

 

တစ်နေရာထဲမှာ ထိုင်ပြီး စကားပြောနေရမှာထက်စာရင် တခြားနှစ်ယောက်တူတူ အမှတ်တရလေးတွေဖန်တီးလို့ရမယ့် အမျိုးသားပြတိုက်တူတူသွားပြီး သမိုင်းကြောင်းတွေလေ့လာတာတို့၊ သင်တန်းတူတူတက်တာတို့၊ ခရီးတူတူသွားတာမျိုးတွေက ကိုယ့်ကို pressure နည်းစေပြီး good memories လေးတွေကို ဖန်တီးနိုင်ပါတယ်။

 

၃. Online Dating လုပ်ကြည့်ပါ

 

  • Online Dating Apps တွေသုံးကြည့်ပါ

 

YouMe Social App, Tinder, Bumble တို့လို online dating apps တွေသုံးကြည့်ပါ။ ဒီလို apps တွေသုံးရင်းလည်း လူချင်းမတွေ့ခင် ခင်မင်ရင်းနှီးလာအောင်လုပ်လို့ရလို့ပါ။ ဒီလို နည်းလမ်းနဲ့ အချိတ်အဆက်တွေဖန်တီးလို့ရပြီး လူချင်းတွေ့မယ့်အချိန်မှာလည်း အဆင်ပြေစေပါတယ်။ 

 

  • ရွေးချယ်တတ်ပါစေ

 

စကားပြောရမယ်ဆိုလို့ Dating Apps တွေမှာ လူတိုင်းနဲ့ match ဖြစ်ရမယ် လူတိုင်းကပို့တဲ့စာတွေကို reply ပြန်ရမယ်ဆိုပြီး မ‌တွေးပါနဲ့။ Quantity ထက် Quality ကို Focus ထားပါ။

 

၄. Group Activities လေးတွေ လုပ်ကြည့်ပါ

 

  • သူငယ်ချင်းတွေနဲ့ Hang out များများလုပ်ပေးပါ

 

One on one dating လုပ်ဖို့ချီတုံချတုံဖြစ်နေတယ်ဆိုရင် Group activities လုပ်လို့ရမယ့်အရာလေးတွေစဉ်းစားကြည့်ပါ။ သူငယ်ချင်းတွေနဲ့ event တွေသွားကြည့်တာမျိုး ကိုယ့်ရဲ့ ဝါသနာတွေလုပ်လို့ရတဲ့ Hobby clubs လေးတွေရှာပြီး join ကြည့်ပါ။ 

 

၅. ကိုယ့်ပြောမယ့်အကြောင်းအရာလေးတွေကို ကြိုပြင်ဆင်ထားပါ

 

  •  မေးခွန်းလေးတွေ အဆင်သင့်ရှိနေပါစေ

 

စကားစမြည်ပြောဖို့ ပြောချင်တဲ့စကားလေးတွေ မေးခွန်းလေးတွေကြိုပြီးစဉ်းစားထားမယ်ဆိုရင် လူသစ်တွေနဲ့ အပြင်မှာ လူချင်းတွေ့တဲ့အခါ Stress တွေလျော့ကျစေပါတယ်။ ဝါသနာတွေ၊ ခရီးသွားအတွေ့အကြုံတွေအကြောင်းမေးတာမျိုး ဒါမှမဟုတ် သင်လေ့လာဖူးတဲ့ Skill လေးတွေအကြောင်းပြောကြည့်ပါ။

 

  • Deep Conversations တွေဖန်တီးကြည့်ပါ

 

Introverts တွေတော်တော်များများ Discussion တွေများများလုပ်နိုင်အောင်ကြိုးစားပါ။ နေသားကျပြီလို့ ခံစားလာရပြီဆိုရင် မေးခွန်းတွေမေးဖို့ မရှက်ပါနဲ့။ ဒီလိုမျိုးက လူတွေများလာရင် ကိုယ့်ကို Anxiety များတာကိုလျော့ချဖို့ အကူအညီဖြစ်စေပါတယ်။

 

၆. ကိုယ့်ကိုယ်ကို အဆင့်မြှင့်ပါ။

 

  • လိုအပ်ရင် အနားယူပါ

 

လူမှုဆက်ဆံရေးတွေက Introverts တွေအတွက် အားအင်ကုန်ခန်းစေပါတယ်။ ပင်ပန်းလာပြီလို့ခံစားလာရတဲ့အခါ အနားယူဖို့ မတွန့်ဆုတ်ပါနဲ့။ ဖြည်းဖြည်းမှန်မှန်ပဲ လုပ်တာအကောင်းဆုံးပါ။ ဒိတ်တင်တွေမကြာမကြာသွားတဲ့အခါ ကိုယ်နဲ့ တစ်ဖက်လူကြားမှာ boundaries လေးတွေထားထားပါ။

 

၇.များများနားထောင်၊ နည်းနည်းပဲပြော

 

  • မင်းရဲ့ အစွမ်းအစကို Listener တစ်ယောက်အနေနဲ့ အသုံးချပါ

Introverts တော်တော်များများက စကားနည်းပေမယ့် တစ်ဖက်လူရဲ့စကားကိုနားထောင်တဲ့နေရာမှာ တော်ကြပါတယ်။ မေးခွန်းလေးတွေမေးပြီး ဒီ ဒိတ်တင်ကိုစိတ်ဝင်တစားရှိကြောင်းပြပါ။ သူတို့ရဲ့ responses တွေကို သေချာနားထောင်ပါ။

 

၈. Body Languages တွေကို အသုံးပြုပါ

 

  • စကားနဲ့မဟုတ်ဘဲ အမူအရာများ

 

နွေးထွေးတဲ့အပြုံးတွေ၊ eye contact နဲ့ ကိုယ်ဟန်အမူအရာတွေက လူအများရဲ့ စိတ်ဝင်စားမှုကိုဆွဲဆောင်နိုင်ပါတယ်။ ကိုယ်က စကားနည်းတဲ့သူဆိုပေမယ့် ယဉ်ကျေးတဲ့အပြုအမူလေးတွေနဲ့ဆို လူတွေစိတ်ဝင်စားတာ ခံရပါလိမ့်မယ်။

 

  • Confidence ရှိအောင် ကြိုးစားပါ

 

ဖြောင့်ဖြောင့်မတ်မတ်ရပ်ပြီး စကားကိုပြတ်ပြတ်သားသားပြောတတ်တဲ့ အမူအယာသေးသေးလေးတွေကလည်း မင်းကို ယုံကြည်မှုပိုရှိစေပြီး သက်တောင့်သက်သာရှိစေပါတယ်။ 

 

၉.အားမနာပါနဲ့

 

  • စည်းချထားပါ

 

တစ်ဖက်လူနဲ့ စကားပြောရတာ မင်းကို ပင်ပန်းစေလာပြီး အချိတ်အဆက်မရှိဘူးလို့ ခံစားရရင် Second date ကိုမသွားဘဲ ယဉ်ယဉ်ကျေးကျေးလေးနဲ့ ငြင်းလိုက်ပြီး Conversation ကိုအဆုံးသတ်လိုက်ပါ။ မင်းရဲ့ energy တွေမကုန်ဆုံးဖို့က အဓိကပါ။

 

Introvert တစ်ယောက်အနေနဲ့ ဒိတ်တင်လုပ်ရတာက မင်းနဲ့ တစ်ဖက်လူရဲ့ ကြားမှာ Balance ညီနေဖို့ပဲလိုပါတယ်။ မင်းရဲ့ ပုံစံလေးအတိုင်းပဲ နေဖို့ အရေးကြီးပါတယ်။ မင်းရဲ့ right person က မင်းရဲ့ အနေအေးတာ စကားနည်းတဲ့ ဖြစ်တည်မှုတွေအကုန်လုံးကို လက်ခံပေးနိုင်တယ်ဆိုတာ သတိရပါ။

 

#youmesocial #dating #article #datingtips #loveadvice #asia

1

Comments

No Comments!

Enter A Comment

Enter A Reply