Thu December, 2024

First Date မှာ ဘယ်လိုနေရာလေးတွေမှာ ဒိတ်ရင်ကောင်းမလဲ

YouMe Post Image

First Date မှာ ဘယ်လိုနေရာလေးတွေမှာ ဒိတ်ရင်ကောင်းမလဲ
 

First Date မှာ သွားဖို့ သင့်တော်တဲ့နေရာလေးတွေက သူရော ကိုယ်ရော နှစ်ယောက်လုံးရဲ့ စိတ်ဝင်စားမှု၊ သက်တောင့်သက်သာရှိမရှိ၊ နှစ်ယောက်လုံးအတွက် အံဝင်ခွင်ကျဖြစ်စေမယ့်နေရာလေးတွေကို ထည့်စဉ်းစားသင့်ပါတယ်။ မြန်မာနိုင်ငံမှာ ဒိတ်လုပ်လို့ကောင်းတဲ့ နေရာလေးတွေ အများကြီးရှိပါတယ်။ အဲံနေရာတွေထဲမှ Romantic လည်းဆန်ပြီး အမှတ်တရလေးတွေအတူတူဖန်တီးလို့ရတဲ့နေရာလေးတွေ ရှိပါတယ်။

 

၁. ကော်ဖီဆိုင်

 

ကော်ဖီဆိုင်တွေကတော့ လူငယ်တွေကြားမှာ ရေပန်းအစားဆုံးနေရာတစ်ခုဖြစ်မယ်ထင်ပါတယ်။ တကယ်လို့ ကိုယ်က ကောင်မလေးနဲ့ဖြစ်စေ ကောင်လေးနဲ့ဖြစ်စေ Dating လုပ်တဲ့အခါမှာ တိတ်ဆိတ်တဲ့ chill လို့ကောင်းတဲ့ ကော်ဖီဆိုင်မျိုးတွေရွေးချယ်ပြီး ဒိတ်လုပ်သင့်ပါတယ်။ ချစ်သူကို First date မှ propose လုပ်ပြီး ဖွင့်ပြောမယ်ဆိုတဲ့ ကောင်လေးတွေအတွက်လည်း အဆင်ပြေစေမယ့်နေရာလေးပါ။ 

 

၂. ရုပ်ရှင်ရုံ

 

ဒိတ်တင်လုပ်လို့ ကောင်းတဲ့နေရာလေးမှာ ရုပ်ရှင်ရုံတွေကလည်း မပါမဖြစ်ထဲမှာပါတယ်။ ကိုယ်နဲ့သူနဲ့ သဘောကျတဲ့ရုပ်ရှင်တင်ပြီဆိုရင် နှစ်ယောက်အတူတူအပြေးအလွှားလေးသွားကြည့်မယ်။ ရုပ်ရှင်ရုံမှာ ကိုယ့်ပုခုံးလေးပေါ်မှာ သူခေါင်းလေးမှီထားပြီး ကိုယ်ကလည်း ဖက်ပေးထားမယ်ဆိုရင် ဘယ်လောက်တောင်နွေးထွေးမှုရှိလိုက်လဲ။ သရဲကားကြည့်ပြီဆိုရင် ကောင်မလေးကကြောက်နေရင် ဖက်ထားပေးလိုက်။ တစ်ယောက်နဲ့တစ်ယောက် ဖက်ထားပြီးအသားချင်းထိထားပြီဆိုရင် နွေးထွေးမှုကိုခံစားရစေနိုင်တယ်။

 

၃. အနုပညာပြခန်း၊ ပန်းချီပြခန်း

 

ပန်းချီလေးတွေကြည့်ရတာ ဝါသနာပါတယ်ဆိုရင် ပန်းချီပြခန်းလေးတွေကလည်း ဒိတ်လို့ကောင်းပါတယ်။ နှစ်‌ယောက်တူတူလက်လေးကိုင်ပြီး ပန်းချီကားတွေရဲ့ အနှစ်သာရလေးတွေကို တူတူခံစားရတာလည်းကြည်နူးဖို့ကောင်းပါတယ်။ ပြီးရင် အပြန်အလှန် ဓာတ်ပုံရိုက်ပေးရင်း အမှတ်တရလေးတွေ အတူတူဖန်တီးလို့ရတယ်။ 

 

၄. စားသောက်ဆိုင်

 

First date ကိုမှ Dinner date လေးဖန်တီးချင်တယ်ဆိုရင် Restaurant လေးတွေမှာ ဒိတ်ရတာလည်း ကြည်နူးစရာကောင်းပါတယ်။ Private ဆန်တဲ့ restaurant တွေမှာ ဒိတ်ရင်တော့ပိုကောင်းတာပေါ့။ သူနဲ့အတူတူ အစားကောင်းကောင်လေးတွေ စားရင်း Wine လေးသောက်ရင်း စကားစမြည်လေးပြောရင်း မေ့ဖျောက်လို့မရတဲ့ moment လေးတွေဖန်တီးလို့ရပါတယ်။

 

၅. ကမ်းခြေ

 

First date ကို ကမ်းခြေမှာ ဒိတ်လုပ်ရမယ်ဆို နည်းနည်းတော့ ထူးဆန်းသွားမယ်။ ကိုယ်နဲ့သူနဲ့ စကားတွေပြော Flirt နေကြရင်း အချင်းချင်းယူံကြည်မှုတွေရှိပြီဆိုရင် မြို့ပြကြီးမှာမဟုတ်ဘဲ နှစ်ယောက်အတူတူခရီးသွား အတူတူဖြတ်သန်းတာကလည်း ကြည်နူးစရာကောင်းပါတယ်။ အထူးသဖြင့် ကမ်းခြေလေးသွားပြီး ကောာင်မလေးကို ဖွင့်ပြောရတာ ဘယ်လောက်တောင် romantic ဆန်လိုက်လဲ။ တစ်ခုတော့ရှိတယ်။ အခုစကားပြော အခုခရီးသွားမယ်ဆိုတာထက် သူနဲ့နားလည်မှုတွေ ယုံကြည်မှုတွေတည်ဆောက်ပြီးမှ သူငယ်ချင်းအဆင့်လေးကနေ ချစ်သူအဆင့်ဆီသို့ပေါ့။ ညနေ နေဝင်ဆည်းဆာကြည့်ရင်းနှစ်ယောက်တူတူဖြတ်သန်းရတာလည်း Romantic ဆန်တယ်လေ။

 

Casual ဖြစ်ပြီး Relax ဖြစ်မယ့်နေရာတွေကို ရွေးချယ်တာက First date တွက် ပိုသင့်တော်ပါတယ်။ သွားမယ့်နေရာကလည်း ကိုယ့်ရဲ့ Budget နဲ့ သူနဲ့ကိုယ်ရဲ့ရည်ရွယ်ချက်တွေကို ပြည့်စုံစေမယ့်နေရာမျိုးတွေကို ရွေးချယ်သင့်ပါတယ်။ First Date ကိုရှုပ်ထွေးတာထက် လွယ်ကူပြီး ကြည်နူးစရာကောင်းတဲ့ အမှတ်တရလေးတွေဖန်တီးနိုင်ဖို့ ဦးစားပေးကြိုးစားပါ။

 

#youmesocial #datingapp #article #findlove #asia

3

Comments

No Comments!

Enter A Comment

Enter A Reply