Mon December, 2024

Modern Dating Life မှာတွေ့ရတတ်တဲ့ Tensionship ဆိုတာ . . . . . . .

YouMe Post Image

Modern Dating Life မှာတွေ့ရတတ်တဲ့ Tensionship ဆိုတာ . . . . . . .


 

ဘယ်လို relationship မှာပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် Tensionship ကိုကြုံဖူးကြပါတယ် ။ Tensionship ဆိုတာ လူနှစ်ယောက်ကြားမှာ ဘာ commitment မှ မရှိတဲ့ relationship မျိုးကိုပြောတာပါ။ ရည်းစားလား သူငယ်ချင်းလား ဝေခွဲမရ မြေပဲမ ဖြစ်နေတဲ့ ဆက်ဆံရေးမျိုးကိုဆိုလိုတာပါ။ နှစ်ယောက်လုံး attractive ဖြစ်တယ် သဘောကျကျတယ် ဖွင့်မပြောကြဘူး ဒါမယ့် တစ်ယောက်ချင်းဆီမှာ အီစကလီတွေရှိနေမယ် ဒီလိုဆက်ဆံရေးကို Tensionship လို့ခေါ်တာပါ ။ Tension ( ဖိအား ) တွေများလာတဲ့အခါမှာလည်း မကောင်းတဲ့ဆက်ဆံရေးတွေဖြစ်လာတတ်ပြီးတော့ နားလည်မှုအပြည့်အဝမရှိတတ်တာကြောင့် စိတ်ညစ်စရာတွေဖြစ်လာတတ်စေပါတယ်။ 


 

၁. Communication Breakdown ( ဆက်ဆံမှုတွေ အေးစက်လာတာ ) 


 

တစ်ယောက်နဲ့တစ်ယောက် စကားပြောနေရင်းနဲ့ ရုတ်တရက်ကြီး ပြတ်တောက်သွားတာ ခေတ်စကားအရဆို Ghost သွားတာတွေဖြစ်လာပါတယ် ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမရှိရင် စိတ်မကောင်းစရာတွေဖြစ်လာတတ်ပါတယ် ။ တကယ်သဘောကျမိသွားတဲ့သူဘက်ကပိုခံစားရတာပေါ့ ( ဥပမာ - ghost ခံသွားရတဲ့ မင်မင်လိုပေါ့ )


 

၂. Conflict & Misunderstanding ( သဘောထားကွဲလွဲလာမယ် )


 

ဘာမဟုတ်တဲ့ ကိစ္စလေးတွေလေးကိုတောင် နားလည်မှုမရှိဘဲ စိတ်ဆိုးတာတွေဖြစ်လာတတ်ပါတယ် ။ သဘောထားကွဲလွဲလာတဲ့အခါ နှစ်ယောက်လုံးအတွက် မကောင်းတဲ့အရာတွေပဲဖြစ်လာတတ်ပါတယ် ။ 


 

၃. Emotional Stress ( စိတ်ဖိစီးမှုတွေ ခံစားရစေနိုင်တယ် )


 

တစ်ဦးတစ်ယောက်က စိတ်ပိုင်းဆိုင်ရာ  အလေးပေးမှုမခံရတဲ့အခါမှာ စိတ်ဒဏ်ရာတွေဖြစ်လာတတ်ပါတယ် ။ အဲ့ကနေ Anxiety များလာတတ််ပါတယ် ။


 

၄. Uncertainty ( မသေချာ မရေရာမှု )


 

Relationship တွေမှာ တစ်ယောက်နဲ့တစ်ယောက်သွားချင်တဲ့ ရည်ရွယ်ချက်တွေ မရှင်းမလင်းဖြစ်နေတာတွေရှိလာပါတယ် ။ မရှင်းမလင်း မပွင့်လင်းတဲ့အခါ ဆက်ဆံရေးတွေက တဖြည်းဖြည်း အေးစက်လာနိုင်ပါတယ် ။


 

ဒီအချက်တွေအကုန်လုံးက Tensionship တွေမှာဖြစ်လေ့ရှိတဲ့ အပြုအမူလေးတွေပဲဖြစ်ပါတယ် ။ Tensionship ကို ဘယ်လိုတွေ ကျော်ဖြတ်လို့ရလဲ ။ ကျော်ဖြတ်လို့ရော ရပါ့မလား။ ကျော်ဖြတ်လို့ ရပါတယ် ။ Tensionship ကို ဖြေရှင်းဖို့ နည်းလမ်းလေးတွေရှိပါတယ် ။ 


 

Tensionship ကို ဖြေရှင်းဖို့ နည်းလမ်းများ


 

၁.ပွင့်ပွင့်လင်းလင်းနေပြီး စကားပြောကြည့်ပါ


 

အချင်းချင်း စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း ရိုးရိုးရှင်းရှင်းပြောကြည့်ပါ။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်စကားတွေပြောနိုင်အောင် ကြိုးစားပြီး နားလည်မှုတွေတိုးတက်လာအောင် Build up လုပ်ကြည့်ပါ။ 


 

၂. စိတ်ခံစားမှုတွေကို ပြသပါ


 

တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ထုတ်ပြပါ ။ ဒါဟာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေကို တိုးတက်လာစေနိုင်ပါတယ် ။


 

၃.သနားကြင်နာပါ


 

သူရဲ့ အမြင်တွေကိုလေးစားပေးပြီး သူ့နေရာမှာ ဝင်ခံစားကြည့်ပါ ။


 

၄.အချိန်ပေးပါ


 

တစ်ခဏအေးအေးဆေးဆေးနေပြီး အချိန်အတောအတွင်း သူနဲ့ ကိုယ်နဲ့ အခြေအနေကို ပြန်စဉ်းစားပါ။ ပြန်သုံးသပ်ပါ ။ 


 

Tensionship တစ်ခုကို ဒီနည်းလမ်းတွေနဲ့ဖြေရှင်းရင်း ကိုယ်လိုချင်တဲ့ stable relationship ကို ပိုပြီး တည်ငြိမ်အောင် Build up လုပ်လို့ရပါတယ် ။ right person , right time ဆိုတာထက် ကိုယ်တိုင်က right mindset ရှိနေဖို့ လိုအပ်ပါတယ်။ 


 

#youmesocialapp #datingapp #Findlove #love #asia










 

1

Comments

No Comments!

Enter A Comment

Enter A Reply